Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း

A+ A-

” မမကြီးနဲ့ အစ်ကိုက ဘယ်သွားမလို့လဲ “

အိမ်အပေါ်ထပ်ကနေ လေတချွန်ချွန်နဲ့ ဆင်းလာတဲ့ပစ်တိုင်းထောင်က လှေကားထိပ်ရောက်တော့ အထုပ်တွေဆွဲပြီး မမကြီးအနောက်ကနေ လိုက်သွားတဲ့ရွှေဒင်္ဂါးကို မြင်လိုက်ရသည်မို့ မေးလိုက်သည်။ 

” အော်. မောင်ငယ် နိုးပြီးလား… ဒါဆို အတော်ပဲ… မင့်အစ်ကိုနဲ့ ဘွားဘွားကြီးတို့အိမ်ကို ဒါလေးတွေသွားပို့ပေးဦး… အထက်ဘက်က မြို့အုပ်ဦးအောင်ရွှေက ပေးလိုက်တာလို့ ပြောပေးဦးနော် “

မမကြီးက ပစ်တိုင်းထောင်အသံကြားတော့ ခြေလှမ်းတွေကို အနောက်ပြန်လှည့်လာပြီး အပြုံးလေးနဲ့ စကားဆိုလာသည်။ မနက်နိုးကတည်းက မမြင်ရသေးတဲ့ အစ်ကို့မျက်နှာလေးကတော့ အရင်လိုပဲ ကြည်ကြည်အေးအေးနဲ့ ရှင်းရှင်းလေးသာ။ 

” ဦးအောင်ရွှေဆိုတာ ဟိုဗိုက်ရွှဲရွှဲနဲ့လူကြီးလား… ဒီလူကြီးက အခုထိလာရှုပ်နေတုန်းလား… ကျွန်တော် ပညာပေးထားတာ မမှတ်သေးဘူးထင်တယ် “

” သူက အရင်လိုမဟုတ်တော့ပါဘူး မောင်ငယ်ရယ်… ပြောင်းလဲသွားပါပြီ “

” မပြောင်းလဲလို့လည်း ရမလား… မပြောင်းလဲရင် ကိုကိုကြီးနဲ့မတွေ့ခင် ပစ်တိုင်းထောင်လက်သီး အရင်မြည်းစမ်းသွားရမယ် . ဟမ်! “

” ဟုတ်ပါပြီ အစ်ကိုကြီးရယ်… အခုတော့ ဒီဟာတွေကို ဘွားဘွားကြီးတို့အိမ်ကို အရင်ပို့ပေးပါဦး… အော်. ပြီးတော့ ဒင်္ဂါးလေး ကျောက်ကျောကျိုထားတာလေးလည်း မမကြီးကိုတစ်ချက်ကြည့်ပေးခဲ့ဦးနော် “

” ဟုတ်… မမကြီး “

ခင်ခင်က မောင်ငယ့်ကိုလည်းပြောရင်း ဒင်္ဂါးလေးကိုလည်း တစ်လှည့်မှာလိုက်သည်။ မနက်စောစောတစ်ခေါက်က သူ(မ)နဲ့ ဒင်္ဂါးလေး မေမေတို့အိမ်မှာ အချိုပွဲကပ်ဖို့ ကျောက်ကျောသွားကျိုပေးထားခဲ့သည်မို့။ ခင်ခင့်စကားကို ခေါင်းညိတ်ပြီး မျက်စိရှေ့ကထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ခင်ခင်ပြုံးမိသည်။ သွေးပူ၊ သွေးဆူလွယ်တဲ့မောင်ငယ့်ကို ထိန်းချုပ်နိုင်သူက စကားနည်းပြီးအနေအေးတဲ့ ဒင်္ဂါးလေးမှလွဲပြီး တစ်ခြားသူမရှိနိုင်တော့ပေ။

” အစ်ကို ပေး. ကျွန်တော် သယ်ပေးမယ် “

” ဟင် . ရပါတယ် ပစ်တိုင်းထောင်ရဲ့… မလေးပါဘူး. သယ်နိုင်ပါတယ် “

” မလေးလည်း မသယ်ရဘူး… ကျွန်တော်တောင် ဘာမှမခိုင်းရက်တာကို… အစ်ကိုက အဲ့ဗိုက်ရွှဲကြီးရဲ့ပစ္စည်းတွေ သယ်ပေးစရာလား . ပေးပါဗျာ. ကျွန်တော်ပဲသယ်မယ် “

ပြောပြောဆိုဆိုနဲ့ ဒင်္ဂါးလက်ထဲက ပစ္စည်းတွေလုယူနေသည်မို့ ပြုတ်ကျမှာစိုး၍ လက်လွှဲပေးလိုက်ရသည်။ ပစ်တိုင်းထောင်က အပြောဆိုးပေမယ့် လူမုန်းနည်းသူမို့ ဒီလောက်ပစ်ပစ်ခါခါဖြစ်နေရတဲ့လူကြီးကို ဘယ်သူလဲဆိုတာကို ဒင်္ဂါး သိချင်စိတ်ဖြစ်လာသည်။ 

” မြို့အုပ်ဦးအောင်ရွှေက ဘာဖြစ်လို့လဲဟင် “

” ဟင် “

ပစ်တိုင်းထောင်ဘေးကနေယှဉ်လျှောက်လာရင်း မော့ကြည့်ပြီးမေးလာသည်ကြောင့် ရုတ်တရက်ဘာဖြေရမှန်းမသိ။ 

” အဲ့လူကြီးက မမကြီးကို အသေရရ အရှင်ရရ လိုချင်နေခဲ့တဲ့လူလေ “

” ဟင် “

ဒီတစ်ခါ အာမေဋိတ်သံက ဒင်္ဂါးဆီကထွက်လာသည်။ ပစ်တိုင်းထောင်က မျက်လုံးဝိုင်းသွားတဲ့ဒင်္ဂါးကိုကြည့်ပြီး တစ်ချက်ပြုံးသည်။ 

” အဲ့လူကြီးက မမကြီးတို့မေမေ .. ဘွားဘွားကြီးနဲ့ ဇာတိတူတယ်လေ. ရပ်ဆွေရပ်မျိုးပေါ့.. နောက် မမကြီးတို့က ဒီကိုပြောင်းလာတော့လည်း အဆက်အသွယ်မပြတ်ဘူးလေ… ကိုကိုကြီးနဲ့အချစ်ပြိုင်ဘက်တွေဖြစ်ခဲ့တာပေါ့… မမကြီးက ကိုကိုကြီးကိုလက်ခံပြီးတာတောင် ဇွတ်အတင်းလိုက်ကပ်နေလို့ သူ တစ်ခါအလည်လာတော့ ကျွန်တော် မိုက်မိုက်စန်း နဲ့ ရှူးတိုက်လွှတ်လိုက်တယ် “

” မင်းကတော့လေ . တကယ်ပါပဲ “

ပစ်တိုင်းထောင်ရဲ့ကလေးဆန်မှုကိုကြားပြီးတော့ ဒင်္ဂါးမှာခေါင်းတခါခါ။ 

” အံမယ် . ကျွန်တော့်ကိုသာပြောနေတာ… အစ်ကိုလည်း အစ်မငွေမှုန်ကိုတိုတာပဲမဟုတ်ဘူးလား “

” အဟမ်း. မ . မတိုပါဘူး “

ပြောနေရင်းနဲ့ မြားဦးက ဒင်္ဂါးဘက်လှည့်လာသည်မို့ ချောင်းတစ်ချက်ဟန့်ပြီး ညာလိုက်သည်။

” အစ်ကို ညာနေတာပါဗျာ… အစက အစ်မငွေမှုန်ကို ကျွန်တော်သဘောကျသွားမှာ အစ်ကိုစိုးရိမ်နေတာလာမလား “

” မ. မဟုတ်ပါဘူး “

ပစ်တိုင်းထောင်က ပခုံးချင်းတိုက်တာ ဆိုလေတော့ ဒင်္ဂါးမှာ အတည်ပေါက်နဲ့ပင် လိမ်နေရသည်။ တကယ်လည်း အစ်မငွေမှုန်ကို တွန့်တိုစိတ်ကြောင့် ပစ်တိုင်းထောင်ကို မလိုဖြစ်ခဲ့ရသည်မလား။ ဒါကလည်း ပစ်တိုင်းထောင်ကို သဘောမကျတာကြောင့်မဟုတ်ပဲ အစ်မဖြစ်သူကို အူတို၍သာဖြစ်သည်။ 

” ဝန်မခံလည်း ဘာမှမဖြစ်ပါဘူး… ကျွန်တော်က အစကတည်းက အစ်ကို့ကိုပဲသဘောကျခဲ့တာ… မိကဲတို့ကအစ ရိပ်မိနေတာကို အစ်ကိုက လုံးဝမသိဘူးဆိုတာတော့ လွန်တာပေါ့ဗျာ “

ပစ်တိုင်းထောင်က ရယ်ကျဲကျဲနဲ့ဆိုလေတော့ ဒင်္ဂါးမှာ မျက်လုံးထောင့်ကပ်ပြီးသာ ကြည့်မိတော့သည်။

” အစ်ကိုက နုံနုံအအလေးဆိုတာကို ကျွန်တော်လက်ခံလိုက်ပါတယ်လေ… အဲဒါကြောင့်မို့လည်း ယုန်တောင်ပြေးခွေးမြောက်လိုက် ဖြစ်နေတာပေါ့ “

ပစ်တိုင်းထောင်က အစ်မဖြစ်သူကို လူမှားပြီးအူတိုနေတဲ့အစ်ကိုသေးသေးလေးကိုပြန်မြင်ယောင်မိပြီး တသောသောသာရယ်ချလိုက်တော့သည်။ ရွှေဒင်္ဂါးလေးကတော့ ပစ်တိုင်းထောင်ပြောတာကို နားမလည်၍ မျက်လုံးလေးကလယ်ကလယ်နဲ့ မျက်မှောင်ကြုတ်လျက်သာ။ 

>>>>>>>>>>

” ဘွားကြီးက သားငယ်လေးကို မတွေ့ဖြစ်တာကြာလို့ သတိရနေတာ… ဒင်္ဂါးလေးကတော့ မင့်မမကြီးနဲ့ ခဏခဏလိုက်လာလို့ တွေ့ဖြစ်ပါ့ “

” ကျွန်တော်က အရင်လိုတစ်ယောက်တည်းမဟုတ်တော့ဘူးလေ… အိမ်ထောင်ကျသွားပြီဆိုတော့ ရှေ့ရေးအတွက်ကြိုးစားရတော့မယ်လေဗျာ “

လေတစ်လုံး၊ မိုးတစ်လုံးနဲ့ ကြီးကြီးကျယ်ကျယ်ပြောနေတဲ့ပစ်တိုင်းထောင်ကိုကြည့်ပြီး ဒင်္ဂါးမျက်နှာရှုံ့မဲ့သွားသည်။ သူများတွေကြားရင် ဗာစတီတို့ ရာဇူးတို့တက်နေတယ်ထင်ကြဦးမည်။ သူကဖြင့် သုံးခါကျထားတဲ့ဟိုက်စကူးကို အခုပြန်ဖြေရမည်ကို။ 

” အမယ်လေး. ဟုတ်ပါပြီ. အိမ်ထောင်ရှင်ကြီးရယ်… ကြိုးစားပါရှင်.. ကြိုးစားပါ “

ဘွားဘွားကြီးရင်ခွင်ထဲဝင်ချွဲနေတဲ့ပစ်တိုင်းထောင်က ဒင်္ဂါးမမြင်ဖူးသေးတဲ့ပုံစံ အသစ်အဆန်းဖြစ်သည်။ ဒါကိုမြင်လိုက်ရတော့ ပစ်တိုင်းထောင်တို့ထိန်းမနိုင်အောင် ဆိုးနေရခြင်းကို ဒင်္ဂါး နားလည်သွားသည်။ ဒင်္ဂါးတို့မှာက သုံးယောက်တည်းရှိတဲ့မိသားစုဘဝမို့ တစ်ဦးအပေါ်တစ်ဦးညှာတာဖေးမပြီးကြီးပြင်းခဲ့ရပေမယ့် ပစ်တိုင်းထောင်က မိဘနှစ်ပါးမရှိတော့တာကလွဲရင် လူတိုင်းဆီက ချစ်ခြင်းမေတ္တာကို လက်ခံခဲ့ရသူဖြစ်သည်။ 

” ဒါနဲ့ . ဘွားဘွားကြီး အဲ့ဗိုက်ရွှဲအောင်ရွှေက ဘာကိစ္စနဲ့ပတ်သက်နေတာလဲ “

” ပစ်တိုင်းထောင် “

ပစ်တိုင်းထောင်ပြောတာကိုကြားပြီး ဒင်္ဂါးကခပ်တိုးတိုးတားတော့ ဘွားဘွားကြီးက သဘောတကျနဲ့ရယ်သည်။

” အော်. သားငယ်ရယ် . ရပ်ဆွေရပ်မျိုးတွေလေ. ပြတ်လို့မှမရပဲ.. အခုကလည်း ဒေသထွက်ပဲဆီစစ်စစ်စားချင်တယ်လို့ ဘွားကြီးကပြောလိုက်လို့ မောင်အောင်ရွှေက တကူးတကနဲ့ပို့ပေးလိုက်တာပါကွယ် “

” နောက်ခါကျရင် ဘွားဘွားကြီးစားချင်ရင် ကျွန်တော့်ကိုပြော. အထက်ဘက်ထိ ကျွန်တော်သွားဝယ်ပေးမယ်… အဲလူကြီးကိုမမှာနဲ့ “

” ကောင်းပါပြီရှင်. ကောင်းပါပြီ… ဒါနဲ့ ဒင်္ဂါးလေး ဒီလပြည့်ကို မင်းကန်ရိုးရွာဆရာတော်ကို ဘွားဘွားကြီးနေ့ဆွမ်းကပ်ချင်လို့… အဲဒါ ကလေးက သူကြီးကနေတစ်ဆင့် ဆရာတော်ကိုလျှောက်ပေးလို့ရမလား “

” ဟုတ်. အဘကိုပြောပြီး ဆရာတော့်ကိုလျှောက်ရင်တော့ ရပါတယ် ဘွားဘွားကြီး… ဒါပေမဲ့ ဒီလပြည့်ဆို ရွာမှာက ထမနဲထိုးပွဲနဲ့ အားကစားပွဲလုပ်တာဆိုတော့ ဆရာတော်က လပြည့်ရက်ဆိုအဆင်ပြေပါ့မလားမသိဘူးဗျာ့ “

” ဟုတ်လား. ကလေး… ဒါဖြင့်လည်း ဆရာတော်အဆင်ပြေတဲ့တစ်ရက်ရက်ကို ဘွားဘွားကြီးကိုလျှောက်ပေးပါဦး “

ဘွားဘွားကြီးက ဒင်္ဂါးကို ပြောသည်မို့ ဒင်္ဂါးခေါင်းညိတ်ပြလိုက်သည်။ ညနေကျရင် အဘကိုတယ်လီဖုန်းဆက်ပြီး ထမနဲပွဲအလှူကိစ္စပြောရင်းနဲ့ ဘွားဘွားကြီးမှာတာကိုပါ ပြောဖို့တွေးလိုက်သည်။

” ဟာ. အစ်ကို… ရွာမှာ အားကစားပွဲရှိတာ ဘာလို့ကျွန်တော့်ကိုမပြောတာလဲ “

ထိုင်နေရာမှ ပြူးတူးပြာတာဖြစ်လာတဲ့ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာတွေးနေရင်းက လန့်သွားရသည်။ 

” ဘာ. ဘာဖြစ်လို့လဲ “

” အားကစားပွဲရှိရင် ရွာပြန်ကြမယ်လေ “

” ရွာပြန်ပြီး ဘာလုပ်မလို့လဲ… ပြီးတော့ ပစ်တိုင်းထောင် စာမေးပွဲနီးပြီလေ… ပြန်လို့ဘယ်ဖြစ်ပါ့မလဲ “

” ဖြစ်ပါတယ် အစ်ကိုကလည်း… ရွာပြန်မှတစ်ပတ်တောင်မကြာတဲ့ဟာကို… စာမေးပွဲကလည်း နှစ်လလောက်လိုသေးတယ် “

” ဘာလို့ပြန်ချင်နေတာလဲ “

” ရွာက အားကစားပွဲသွားပြိုင်ချင်လို့ပေါ့ဗျာ့… ကိုဘမော်တို့ ဖိုးထူးတို့လည်း မတွေ့ရတာကြာပြီလေ “

ပစ်တိုင်းထောင် ရွာပြန်ချင်တဲ့အကြောင်းတရားကို ရွာကလူတွေကိုဒုက္ခပြန်ပေးချင်လို့ ဆိုပြီးသာ ဒင်္ဂါးဘာသာပြန်လိုက်သည်။  

” သားငယ်ရယ်. အားကစားပွဲများ မြို့မှာလည်းဝင်ပြိုင်လို့ရတာပဲကို “

ဘွားဘွားကြီးက ဝင်ပြောတော့ ပစ်တိုင်းထောင်က ခေါင်းတခါခါ။ 

” မတူဘူး ဘွားဘွားကြီးရဲ့. မတူဘူး… ကျွန်တော်တို့ရွာက ပိုပျော်ဖို့ကောင်းတယ်. ဟုတ်တယ်နော် အစ်ကို “

ဒင်္ဂါးရဲ့ရွာက ဘယ်တုန်းက သူ့ရွာဖြစ်သွားသလဲမသိ။ သူတစ်ယောက်တည်းပြောတာတောင်အားမရလို့ ဒင်္ဂါးကိုပါ အဖော်စပ်လိုက်သေးသည်။ 

” ကိုကိုကြီးက မလွတ်လောက်ဘူးထင်တယ်နော်. ပစ်တိုင်းထောင် “

” ဟ! .. အစ်ကိုကလည်း … ကိုကိုကြီးမလွတ်လည်း ကျွန်တော်တို့ဘာသာသွားရင်ရနေတာပဲကို . နော် ဘွားဘွားကြီး “

ပစ်တိုင်းထောင်က အလယ်မှာနေပြီး ဟိုတစ်လှည့်ဒီတစ်လှည့်နဲ့ တစ်ဖက်တစ်ချက်ကို မဲဆွယ်နေတော့သည်။ နောက်ဆုံးတော့လည်း ဘယ်သူမှမနိုင်သူပီပီ ဒင်္ဂါးမှာ ပစ်တိုင်းထောင်နဲ့အတူ ရွာတစ်ခေါက်ပြန်ရောက်လာခဲ့တော့သည်။ ကိုယ်တိုင်ကမပြန်ချင်လို့မဟုတ်။ ရွာပြန်ရင် ပစ်တိုင်းထောင်မွှေမည့်အမွှေကိုကြိုတွေးရင်း ရင်မောရ၍သာဖြစ်သည်။ 

>>>>>>>>>>

” ဒင်္ဂါး.. ပစ်တိုင်းထောင် . ငါ ဒီမှာဟေ့ “

ကားလမ်းတစ်ဖက်ခြမ်းမှာ နွားလှည်းရပ်လို့ ဒင်္ဂါးတို့နှစ်ယောက်ကို လက်လှမ်းပြနေတဲ့သာထင်။ ကြည့်ရတာ အဘက အကြိုလွှတ်လိုက်တာဖြစ်မည်။ ဒင်္ဂါးတို့က ရွာချင်းဆက်လမ်းထိပဲ ကားနဲ့လိုက်လာခဲ့တာဖြစ်သည်။ 

” ဆျာထောင်!!!!…. ကိုဒင်္ဂါး! “

လှည်းအနောက်ဘက်ကနေ ဖုန်တွေဖွေးဖွေးလှုပ်နေတဲ့ ကိုခွေးပုကိုတွေ့လိုက်ရတော့ ဒင်္ဂါးရယ်ချင်တာကို အောင့်ထားရသည်။ ကိုခွေးပုက ကားလမ်းကူးလို့ ဒင်္ဂါးတို့အနားကို အပြေးရောက်လာသည်။ သာထင်ကတော့ တစ်ဖက်ခြမ်းမှာ နွားလှည်းလှည့်ရင်း ကျန်နေခဲ့သည်။ 

” ဆျာထောင်. တပည့်ကျော်မလွမ်းဘူးလား “

” မင့် မမြင်ရလို့နဲ့တူတယ်… စားကောင်းအိပ်ပျော်သားဟ “

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို။ မြင်လိုက်တာနဲ့ တစောင်းစေးနဲ့မျက်ချေးဖြစ်နေကြတဲ့ ဆရာတပည့်နှစ်ယောက်ကို ဒင်္ဂါးကြည့်သာနေလိုက်သည်။ 

” ကျွန်တော်က ဆျာထောင် ဒီတစ်ခါရွာဆင်းလာရင် ပုစဉ်းပျံကြီးတပ်လာဦးမယ်ထင်တာ… ဟိုတလောက ဘိုင်စကုတ်ကြော်ငြာထဲကမင်းသား တပ်ထားတော့ အတိုင်းသားခန့်သားပဲဗျာ့… ကြည့်ရတာ ဆျာထောင်နဲ့ကျမှ ပုစဉ်းပျံနဲ့တူသွားတာထင်တယ် “

” ဟား.. ဟား.. ဟား.. “

ရွာကိုစရောက်လာစဉ်က ပစ်တိုင်းထောင်နေကာမျက်မှန်တပ်ထားတဲ့စတိုင်ကို ဒင်္ဂါးပြေးမြင်ယောင်သွားသည်။ အဲအချိန်ကတည်းက ဘာနဲ့တူလဲလို့ စဉ်းစားနေတာ။ ကိုခွေးပုပြောလိုက်မှပဲ တကယ်ကိုပုံဖော်မိသွားတော့ မထိန်းနိုင်တော့ပဲ ရယ်ချလိုက်တော့သည်။ 

” ဒီမိချောင်းမသားကတော့ ” ” ဘုန်း ~ “

အပြောထက်လက်ကမြန်စွာ ကိုခွေးပုဇက်ပေါ်ကို ပစ်တိုင်းထောင်လက်ရောက်သွားသည်။ 

” ပစ်တိုင်းထောင် မလုပ်ရဘူးလေ “

ဒင်္ဂါးတားတော့ မကျေမချမ်းနဲ့ ပုဆိုးစကိုမလို့ ခါးနှစ်ဖက်ထောက်ကာ ဟိုဘက်လမ်းကူးသွားသည်။ ကိုခွေးပုက တစ်ကိုယ်တည်းရေရွတ်ရင်း ဒင်္ဂါးအနောက်ကနေ ကပ်လိုက်လာတော့သည်။ 

” ဆျာထောင်က မှန်တာပြောတော့လည်း မကြိုက်ဘူး “

ရွာလမ်းထဲလှည်းဝင်လာပြီဆိုတာနဲ့ ပစ်တိုင်းထောင်ရဲ့ပရိသတ်တွေက ဟိုနားဒီနားကနေ လှမ်းနှုတ်ဆက်ကြသည်။ ကြည့်ရတာ ရွာသားတွေကလည်း ပစ်တိုင်းထောင်ကိုလွမ်းနေကြသည်ထင်ပါရဲ့…။ 

” ကိုကြီးပစ်တိုင်းထောင် . ရွာပြန်လာတာလား “

” အေး. ခဏပြန်လာတာ ဖိုးထူးရ… အားကစားပွဲရှိတယ်ဆိုလို့ “

ရေပုံးထမ်းလာတဲ့ဖိုးထူးက ဒင်္ဂါးတို့ကိုတွေ့တော့ လှည်းနောက်ကနေလိုက်လို့ လာနှုတ်ဆက်သည်။ 

” အားကစားပွဲကို လာအားပေးတာလား… လာပြိုင်တာလား “

” လာပြိုင်တာပေါ့ဟ… ငါ့ကိုအားပေးရမယ်နော်. ကြားလား… ငါနိုင်ရင် ရွာကမပြန်ခင် မင်းကို လှရီနဲ့ချိန်းတွေ့ဖို့စီစဉ်ပေးခဲ့ဦးမယ် “

” တ. တကယ်လား… ကိုကြီးပစ်တိုင်းထောင်… အဲဒါဆို ကိုကြီးပစ်တိုင်းထောင်ကိုပဲ အားပေးတော့မယ် “

” တကယ်ပေါ့ဟ… မင်းကိုငါ ဘယ်တုန်းကညာဖူးလို့လဲ “

” ဟုတ်ပြီ. ဟုတ်ပြီ… အဲဒါဆို ကိုကြီးပစ်တိုင်းထောင် အားရှိအောင် အိမ်ပြန်ပြီး အမေ့ကိုအမဲနံရိုးပြုတ်ခိုင်းလိုက်ဦးမယ်… ညနေကျရင် လာပို့မယ်နော်. စောင့်နေနော် ကိုကြီးပစ်တိုင်းထောင် “

ဖိုးထူးက လာရာလမ်းအတိုင်း လှည့်ပြန်ပြေးတော့သည်။ ဒင်္ဂါးမှာ ပါးစပ်အဟောင်းသားနဲ့သာ။ ပစ်တိုင်းထောင်ရဲ့မဲဆွယ်စည်းရုံးမှုကြီးက ကြောက်စရာ။ အဘတောင် အသက်ကြီးလို့ ရွာသူကြီးအရင်ဖြစ်သွားရသည်။ မဟုတ်ရင် ပစ်တိုင်းထောင်နဲ့အပြိုင် ရွာသူကြီးဝင်အရွေးခံနေရနိုင်သည်။  

” ဆျာထောင်. အဲဒါဆို ကျွန်တော်လည်း ဆျာထောင့်ကိုအားပေးမယ်လေဗျာ… ကျွန်တော့်ကိုလည်း မယ်တင်ကလေးနဲ့ “

” မင်းကတော့ နောက်ဘဝမှပဲရမယ် “

ပစ်တိုင်းထောင်အပြောကြောင့် ကိုခွေးပုမှာ နှုတ်ခမ်းတစ်တောင်လောက် စူထွက်ကာ လှည်းအရှေ့ဘက်ပြန်ကပ်သွားတော့သည်။ 

” အဘရေ… အဘ . ဒီမှာ အငယ်နဲ့ မောင်ငယ်တို့ရောက်လာပြီ “

သာထင့်လှည်းခြံရှေ့ရပ်တော့ အစ်မငွေမှုန်က အပြေးလေးထွက်ကြိုသည်။ 

” အစ်မနေကောင်းတယ်နော်… အဘရော “

” အဘက ရေအိမ်ဝင်နေသလားမသိဘူး “

” ဟင်း!… အဖေတို့ကတော့လုပ်ပြီ. ရိုးရာမပျက် . ရေအိမ်ဝင်တာနဲ့ပဲ ကြိုနေတယ် “

ပစ်တိုင်းထောင်ကဆိုတော့ တသောသောနဲ့ပွဲကျကုန်သည်။ 

” အငယ်တို့လာမယ်ဆိုလို့ ဒီနေ့အစ်မက အငယ်နဲ့ မောင်ငယ်အကြိုက်တွေချည်း ချက်ထားတာ “

အစ်မငွေမှုန်က ပန်းနုရောင်ချည်ချောဝမ်းဆက်လေးနှင့် အလှပေါ်အယဉ်ဆင့်လို့နေသည်။ ကြည့်ရတာ ချက်ပြုတ်ပြီးတော့ ရေမိုးချိုးပြီး ဒင်္ဂါးတို့အလာကိုစောင့်နေပုံရသည်။ 

” အငယ်ကပိုဖြူလာသလိုပဲ… မောင်ငယ်ကတော့ ပိုပြီးလူကြီးဆန်လာတယ် “

ငွေမှုန်က မောင်နှစ်ယောက်ကို တစ်ဖက်တစ်ချက်ထားရင် အိမ်ထဲကိုခေါ်လာသည်။ 

” အစ်ကိုကလေ ဖြူမှသာဖြူလာတာ… တစ်ချက်မှအငြိမ်မနေဘူး… ကျွန်တော် စာကျက်ဝိုင်းသွားနေတဲ့အချိန်ဆို သူ့စိတ်ကြိုက်ပဲ… တစ်ခြံလုံးသူ့အလုပ်တွေချည်းပဲ “

” မင်းကလည်း “

” မဟုတ်လို့လား “

မောင်ငယ်နှစ်ယောက်ကိုကြည့်ပြီး အခုမှပဲ ငွေမှုန်စိတ်အေးရတော့သည်။ အစကတော့ မောင်ငယ်နဲ့လက်ထပ်ဖို့ကို သူ(မ)တိုက်တွန်း၍များ လက်ခံလိုက်ရသလားဆိုတာကို စဉ်းစားမိသေးသည်။ နှစ်ယောက်သားလက်တွဲပြီးရင် အခက်အခဲတွေများရှိလားနိုင်မလား။ အငယ်က ခံစားချက်ကိုမြိုသိပ်ထားတတ်သူမို့ မောင်ငယ်ကများ တစ်မျိုးထင်သွားမလား စသဖြင့်ကြံဖန်တွေးပူခဲ့ရသေးသည်။ အခုတော့ နှစ်ယောက်သားနားလည်မှုရှိရှိနဲ့ ရှေ့ဆက်နေကြပုံပေါ်သည်။ 

” လူလေးတို့လာကြပလား… လမ်းမှာရောအဆင်ပြေတယ်မလား “

” ဟုတ်. ပြေပါတယ်အဘ “

” မြို့အုပ်မင်းကရော ဘာတွေများမှာလိုက်သေးလဲ “

” ကိုကိုကြီးကတော့ အဖေတို့ကိုသတိရတယ်ဆိုတဲ့အကြောင်းပဲ ပြောလိုက်တယ်… ဒီနှစ်သင်္ကြန်လည်း အလှူလာပြန်လုပ်ပါဦးမယ်တဲ့ “

” ကောင်းပ… ကောင်းပ… ဒါနဲ့ လူလေးတို့က ဘယ်လောက်နေကြမှာတုန်း “

” အားကစားပွဲပြီးရင် ပြန်မှာပါ အဘ… ပစ်တိုင်းထောင်က စာမေးပွဲမပြီးသေးလို့ရယ် “

” စာမေးပွဲပြီးတာနဲ့ ရွာပြန်လာမှာပါ… ကျွန်တော်က ရွာမှာပိုပျော်တယ် “

ပစ်တိုင်းထောင်က ထိုစကားဆိုတော့ အဘက သဘောတကျနဲ့ရယ်မောတော့သည်။ 

>>>>>>>>>>

” ဖြစ်ပါ့မလား ပစ်တိုင်းထောင်ရဲ့… ထိမိခိုက်မိကုန်ပါဦးမယ် “

” အဟား… အစ်ကို မနက်ကတည်းက အဲ့စကားပြောနေတာ မမောသေးဘူးလား “

ဖြစ်နေပုံက ပစ်တိုင်းထောင်က တန်းထားတဲ့ဝါးလုံးပေါ်မှာဖြစ်ပြီး ဒင်္ဂါးက ထိုဝါးလုံးဘေးနားကမြေပေါ်မှာရပ်ပြီး ပစ်တိုင်းထောင်ကို ခပ်တိုးတိုးတားနေသည်။

အားကစားပွဲကို အရမ်းစိတ်ဆန္ဒပြင်းပြနေ၍ မမကြီးတို့က ပစ်တိုင်းထောင်စိတ်ကျေနပ်အောင်လွှတ်လိုက်မှန်း ဒင်္ဂါးသိသည်မို့ ပစ်တိုင်းထောင် ဒဏ်ရာရသွားမှာကို သူလည်းစိုးပါသည်။ ဟိုက်စကူးစာမေးပွဲက နီးပြီမလား။

စိတ်ပြေလက်ပျောက်ကစားပါစေဆိုပြီး လွှတ်ထားပေးမိတာက ပစ်တိုင်းထောင်မှာ ပွဲတိုင်းကျော်ကိုဖြစ်နေတော့သည်။ သံပုံးရိုက်၊ ချောတိုင်တက်၊ အပြေးပြိုင်၊ ရေပေါ်လမ်းလျှောက်၊ ခြင်းခတ်ပါမကျန်အကုန်ဝင်ကစားတော့သည်။ တားမရတဲ့အဆုံး ဒင်္ဂါးမှာသူပြိုင်သမျှဘေးမှာဘုရားတ,နေရတော့သည်။ အစ်မငွေမှုန်မှာလည်း အိမ်ကထွက်လာကတည်းက ဒင်္ဂါးတို့ကို ထမင်းထုပ်နဲ့သာ ထိုင်စောင့်နေရသည်။

အခုလည်း ခေါင်းအုံးရိုက်ပြိုင်ဖို့ ဟန်တပြင်ပြင်ဖြစ်နေတဲ့ပစ်တိုင်းထောင်အနားမှာ ဒင်္ဂါးရလိုရငြားနားချနေမိသည်။

” စိတ်မပူပါနဲ့ အစ်ကိုရ… အောက်ပြုတ်ကျလည်း ကောက်ရိုးခင်းထားတာပဲကို မနာပါဘူး.. ဒီဖွဲအိတ်ကလည်း ပန်းနဲ့ပေါက်သလောက်ပဲရှိမှာ ”

ဝါးလုံးပေါ်ခြေခွထိုင်ရင်း လက်ထဲကအိတ်ကိုမြှောက်ပြရင်း ဆိုလာသည်။

” တော့်. ကိုသာထင်… သူကြီးသမက်ဆိုပြီး အလျှော့မပေးရဘူးနော်… ပြိုင်ပွဲကပြိုင်ပွဲပဲ… နာနာသာချ… မိကဲတို့က ကိုသာထင်ဘက်က သိလား ”

ဝါးတန်းတစ်ဖက်က မိကဲတို့က ပစ်တိုင်းထောင်ကြားအောင် မထိတထိနဲ့ စလေတော့

” အေးပါ… ကိုသာထင့်ကို အနိုင်ချပြီးရင် နင့်ကို ငါအရင်လာချမယ် ”

ပစ်တိုင်းထောင်က လက်ထဲက ဖွဲအိတ်တရွယ်ရွယ်နဲ့ မိကဲတို့ကိုလှမ်းအော်သေးသည်။ ပြိုင်ပွဲစတော့ သူတစ်ချက်၊ ကိုယ်တစ်ချက်နှင့် အသည်းတယားယားဖြစ်ရသည်။

” ဟေး.. ကိုကြီးပစ်တိုင်းထောင်ကွ ”

” ဟေး.. ကိုသာထင်. လုပ်ထား. လုပ်ထား ”

လက်ရည်တူပြီး အားကောင်းမောင်းသန်ယောက်ျားသားနှစ်ယောက်ဖြစ်သည်ကြောင့် ပွဲကစည်လှသည်။ ဒင်္ဂါးမှာ ရင်တလှပ်လှပ်နဲ့ ဘယ်အချက်ပြုတ်ကျမလဲကို စောင့်နေရသည်။

” ပစ်တိုင်းထောင်ကွ. သူကြီးသမက်… ဘာမှတ်လဲ ”

” သာထင်ကို ဘာထင်သလဲမမေးနဲ့ “

ကိုဘမော်တို့ကာလသားတစ်စုကလည်း ဟိုဘက်ဒီဘက်အားပေးကြလေတော့ ဒင်္ဂါးမှာစိုးရိမ်နေတဲ့ကြားက ရယ်ရသေးသည်။ အစ်မငွေမှုန်ကလည်း ဒင်္ဂါးနည်းတူ စိတ်လိုလက်ရနဲ့ ရယ်နေသည်။

” ဟာ. ဟာ.. လွတ်. လွတ်သွားပြီ ”

” ဟေး. လုပ်ကြဦး ”

” သူကြီး ” ” အဘ ” ” အဖေ ”

ဒင်္ဂါးတို့ကြည့်နေရင်းကပင် ပစ်တိုင်းထောင်လက်ထဲက ဖွဲအိတ်ကလွှင့်ထွက်သွားကာ အဘထိုင်နေတဲ့ဘက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလေတော့ ခေါ်သံတွေဆူဆူညံကာ အားကစားပွဲမှာ အဆုံးသတ်သွားတော့သည်။

‘ သူကြီးသမက်လက်ချက် သူကြီးမှတ် ‘ ဆိုကာ မင်းကန်းရိုးရွာရဲ့ အားကစားပွဲကတော့ ရွာနီးချုပ်စပ်မှာ ပြောစမှတ်တွင်သွားရလေတော့သည်။

ခုတ်ရာတလွဲ ရှရာတခြားဆိုသလို စိတ်ပူမိတဲ့ပစ်တိုင်းထောင်က ဘာမှမဖြစ်ပဲ မဆီမဆိုင် အဘကဖွဲအိတ်မှန်သည်မို့ ဒင်္ဂါးတို့မှာ ငိုအားထက်ရယ်အားသန်ဖြစ်ရသေးသည်။ ကံကောင်းသည်က ဖြစ်ဖြစ်ချင်း အဘကခေါင်းနည်းနည်းမူးသွားရုံသာ။ ပစ်တိုင်းထောင်မှာ ထိုနေ့ကတည်းက မျက်နှာသူငယ်နဲ့ အဘအနားကတစ်ဖွားမှမခွာသည်မို့ ဒင်္ဂါးမှာ မြို့ပြန်ဖို့မနည်းနားချယူလိုက်ရသည်။

” ဒီနေရာရောက်တော့ ပစ်တိုင်းထောင်ကို ပထမဆုံးလာကြိုတဲ့အချိန်ကို သတိရမိတယ် ”

” ဘာလဲ. ကျွန်တော့်ဖင်မှာအမှတ်ရှိတယ်လို့ ပြောတာကိုသတိရသွားတာလား ”

စကားအကောင်းပြောနေရာက ထဖောက်လာတဲ့ပစ်တိုင်းထောင်ကို ဒင်္ဂါးလက်သီးဆုပ်နဲ့ ခပ်ဖွဖွထိုးလိုက်သည်။

” စတွေ့တုန်းက မင်းက မြို့သားလူညာနဲ့တူပြီး အရမ်းငေါက်တတ်လို့ ကြည့်မရခဲ့ဘူး ”

ရွှေဒင်္ဂါးစကားကြောင့် ပစ်တိုင်းထောင်မျက်နှာရှုံ့မဲသွားတော့သည်။ ပထမဆုံးတွေ့ဆုံမှုရဲ့အကဲဖြတ်မှတ်တမ်းက သေလောက်ချင်စရာ။

” အခုရော ကြည့်ရသွားပြီလား ”

” အခုကတော့ နည်းနည်းပေါ့ ”

ပစ်တိုင်းထောင်ကို တစ်ဖန်ပြန်စနေသူကြောင့် ခပ်ပြုံးပြုံးရယ်လိုက်သည်။ ရွာကိုသွားလည်မယ်ပြောတုန်းက ပစ်တိုင်းထောင်ကိုစိတ်ပူပေးမယ့် အစ်ကို့မျက်နှာလေးဝင်းသွားတာကို သူသတိထားမိသည်လေ။ အခုပြန်တော့မယ်ဆိုတော့ ထုတ်မပြောပေမယ့် အစ်ကို ရွာကိုလွမ်းနေမယ်ဆိုတာ သူရိပ်မိပါသည်။

” အစ်ကို ”

” ဟင် ”

ပစ်တိုင်းထောင်က ရွှေဒင်္ဂါးလက်ကိုဆုပ်ကိုင်လို့ မျက်လုံးချင်းအကြည့်ဆုံစေသည်။

” ကျွန်တော် ဟိုက်စကူးပြီးရင် ရွာမှာပဲပြန်နေကြမလား ”

” ဟင်. ဘာဖြစ်လို့လဲ ”

ထင်မှတ်မထားတဲ့စကားကြောင့် ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာသည်။

” အစ်ကိုနဲ့သာဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်တော် နေပျော်ပါတယ်… မြို့ရယ် ရွာရယ်မှမဟုတ်ဘူး… အစ်ကိုနဲ့ဆို ဘယ်နေရာဖြစ်ဖြစ် ”

” ပစ်တိုင်းထောင်က ဗာစတီတို့ ရာဇူးတို့ဆက်မတက်တော့ဘူးလား ”

” အမှန်အတိုင်းပြောရရင် ဟိုက်စကူးအောင်ပြီးရင်တော့ အစ်ကိုနဲ့အတူတူ ဒီဂရီတစ်ခုလောက်ပဲဖြစ်ဖြစ် ယူချင်သေးတယ်… ဗာစတီမဟုတ်လည်း ရီဂျင်နယ်ဆိုလည်း အဆင်ပြေပါတယ်… အဓိကက အစ်ကိုနဲ့အတူတူယူချင်တာ…

ကျွန်တော်ပြောရင် အစ်ကိုယုံပါ့မလားတော့မသိဘူး… အရင်ကတော့ ဘဝရှေ့ရေးဆိုတာမျိုးကို ကျွန်တော်မတွေးခဲ့ဖူးဘူး… အစ်ကိုနဲ့ဆုံပြီးတော့. အစ်ကို့ကိုလက်ထပ်ပြီးတော့ ကျွန်တော့်ရင်ထဲမှာ ဖြစ်လာတဲ့ဆန္ဒတစ်ခုရှိတယ် ”

ဒင်္ဂါးက ခံစားချက်ကိုမြိုသိပ်ထားတတ်သူဆိုရင် ပစ်တိုင်းထောင်က ခံစားချက်ကို ထုတ်မပြတတ်သူဖြစ်သည်။ အပေါ်ယံကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှအလေးမထားတတ်သူလို့ ထင်ရပေမယ့် သူ့ရင်တွင်းတစ်နေရာမှာ ခံစားချက်တွေဖွဲ့တည်နေတတ်သည်။

” ပစ်တိုင်းထောင်က ဘာဖြစ်ချင်တာလဲ ”

” ကျွန်တော်တည်ဆောက်ထားတဲ့မိသားစုဘဝကို ကျွန်တော်ကိုယ်တိုင်ပဲဉီးဆောင်နိုင်ရမယ်… ဒီလောကအလယ်မှာ ကျွန်တော့်ကြောင့် အစ်ကို့ကိုမျက်နှာမငယ်စေချင်သလို အစ်ကိုကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှမျက်နှာမငယ်ရအောင် ကျွန်တော်ဖြည့်ဆည်းပေးချင်တယ် ”

” မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ် ”

” ကျွန်တော်တို့က မိသားစုတွေလေ… လိုနေတဲ့ကွက်လပ်တွေကို ဖြည့်ပေးရမှာမဟုတ်ဘူးလား ”

ပစ်တိုင်းထောင်မေးတာကို ဒင်္ဂါးခေါင်းညိတ်ပြလိုက်သည်။

” အဲဒါကြောင့် အစ်ကို ရွာကိုလွမ်းနေမယ်ဆိုတာသိပေမယ့် ကျွန်တော်နဲ့အတူတူ ဗာစတီ အရင်ဆက်တက်ကြမယ်လေနော်… ပြီးသွားရင် ရွာမှာပြန်ပြီးနေကြတာပေါ့… ဟုတ်ပြီလား “

ဒင်္ဂါးက ပစ်တိုင်းထောင်ဟိုက်စကူးအောင်ဖို့လောက်သာ စဥ်းစားခဲ့ပေမယ့် ပစ်တိုင်းထောင်ကတော့ ထိုထက်ပိုတဲ့ဘဝရှေ့ရေးကို စဥ်းစားနေခဲ့သည်။ ဝမ်းနည်းစိတ်လား၊ ဝမ်းသာစိတ်လားမခွဲတတ်ပေမယ့် ဒင်္ဂါးမျက်ဝန်းထဲမှာ မျက်ရည်စတို့ရစ်သိုင်းလာတော့သည်။

” အစ်ကို့ကို ချစ်မြတ်နိုးတယ်ဆိုတာ အစ်ကိုမြင်သာအောင် ကျွန်တော်ပြနိုင်ရဲ့လားတော့ မသိပေမယ့် မေတ္တာအရင်းခံက နှလုံးသားကမြစ်ဖျားခံလာတယ်ဆိုတာကို အစ်ကိုယုံပေးပါ… ကျွန်တော့်ဘဝသက်တမ်းရှိသလောက် အစ်ကို့ကိုမေတ္တာရှိကြောင်း သက်သေပြပါမယ် ”

ပစ်တိုင်းထောင်စကားဆုံးတော့ ရွှေဒင်္ဂါးလေးရဲ့ ပါးပြင်ထက်မှာ မျက်ရည်မြစ်နှစ်သွယ် ဖြစ်ထွန်းလေတော့သည်။ အဲဒီအချိန်မှာ ပစ်တိုင်းထောင်ရဲ့ နဖူးပြင်ထက်မှာ နွေးခနဲဖြစ်သွားတော့သည်။ အစ်ကိုကခြေဖျားထောက်ပြီး သူ့နဖူးကိုနမ်းလိုက်ခြင်းဖြစ်သည်။

” အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်… လူတစ်ယောက်ကိုချစ်ရင် ဘယ်လိုတွေပြုမူရသလဲဆိုတာ သေချာမသိပေမယ့် ငါ့ရဲ့အပြုအမူတိုင်းကတော့ မင်းအပေါ်မေတ္တာအရင်းခံတယ်ဆိုတာ ယုံကြည်ပေးပါ ”

မချစ်ပြတတ်တဲ့ အစ်ကို့ဆီက ရွှေငွေရတနာတွေထက် တန်ဖိုးကြီးတဲ့စကားကို ကြားလိုက်ရသည်မို့ ပစ်တိုင်းထောင်မှာ မနေနိုင်စွာပင် မျက်စိရှေ့ကလူသားလေးကို ထွေးပွေ့မိတော့သည်။

” ကျွန်တော် အစ်ကိို့ကို မြတ်နိုးရပါတယ် ”

” အစ်ကိုကလည်း မင်းကိုတန်ဖိုးထားပါတယ် ”

>>>>>>>>>>

ပြီးပါပြီ
Yellowish_One 💛
(၂၂-၉-၂၀၂၄)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း, novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း, read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] ဇာတ်သိမ်းပိုင်း light novel, ,

Comment

Leave a Reply

Chapter 61